သျှမ်းရိုးမ ဗဟုသုတဘဏ်တိုက် တည်ထောင်ရခြင်းအကြောင်း

ဤသျှမ်းရိုးမဗဟုသုတဘဏ်တိုက်၌ ကျမ်းကြီးကျမ်းခိုင်များတွင် ရေးသားဖော်ပြထားသော ခက်ခဲနက်နဲသော ပြဿနာများ၊ အမေးပြဿနာပုစ္ဆာများ၊ ဝိနိစ္ဆယဆိုင်ရာ အချက်အလက်တို့ကို အဓိကထား ဖော်ပြပေးသွားပါမည်။ ထိုသို့ ဖော်ပြရခြင်း ရည်ရွယ်ချက်ကား ခိုင်မာသော အမှီအခို မှီငြမ်းအချက်အလက် ရရှိနိုင်ပြီး မိမိတို့ ပြုစုရေးသားနေသော စာအုပ်များ၊ ကျမ်းများ၊ စာတမ်းများတို့အတွက် လိုအပ်သော အချက်အလက်တို့ကို လွယ်လင့်တကူ ရရှိကာ အသုံးပြုနိုင်ကြစေရန် ဖြစ်ပါသည်။ ထို့ပြင် ဤစာမျက်နှာများတွင် တင်ပြထားသောစာတို့သည် သျှမ်းရိုးမစာကြည့်တိုက်မှ အပင်ပန်းခံပြီး ကိုယ်ပိုင်ပြန်လည်စာစီရိုက်ထားခြင်း ဖြစ်၏။ အခြားသော ဝဘ်ဆိုက်များ ကူးယူပြီး တင်ထားသည်များ တစ်ခုမျှ မပါဝင်ပါ။ သို့ပါ၍ စာဖတ်သူများအနေနှင့် ယူဆောင်အသုံးပြုလိုပါက ဤစာမျက်နှာမှယူဆောင်ခြင်းဖြစ်သည်ကို ဖော်ပြပေးစေလိုပါသည်။

သဗ္ဗဗုဒ္ဓါ ဓမ္မာ သံဃာနုဘာဝေန သဒါ သုခီ ဘ၀န္တုတေ…။