အဝသေသာ ကုသလာကုသလ ကြိယာနုတ္တရဝသေန ပန နိဿာယဝါ အနိဿာယဝါ။ (သဂြိုဟ်ပါဌ်)။

ရူပါဝစရကုသိုလ်မှ ကြွင်းသော လောကီကုသိုလ်စိတ် ၁၂ ပါး၊ ဒေါသမူဒွေမှ ကြွင်းသော အကုသိုလ်စိတ် ၁ဝ ပါး၊ ပဉ္စဒွါရာဝဇ္ဇန်း၊ ဟသိတုပ္ပါဒ်၊ ရူပါဝစရကြိယာတို့မှ ကြွင်းသော ကြိယာစိတ် ၁၃ ပါး၊ သောတာပတ္တိမဂ်စိတ်မှ ကြွင်းသော လောကုတ္တရာစိတ် ၇ ပါး၊ ဤ ၄၂ ပါးသော မနောဝိညာဏဓာတ်တို့သည် ခန္ဓာ ၅ ပါးလုံး ရကောင်းသော ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ ဟဒယဝတ္ထုကို မှီ၍ ဖြစ်ကုန်၏။

နာမ်ခန္ဓာ ၄ ပါး၏သာဖြစ်ရာ အရူပဘုံ၌ ဖြစ်သောအခါ၌မူ ဟဒယရုပ် မရှိသောကြောင့် ဟဒယရုပ်ကို မမှီဘဲ အလိုလိုသာ ဖြစ်ကုန်၏ဟူလို။

ဤကား ပိဏ္ဍတ္ထ။

ကျမ်းညွှန်း။ ။ပါဠိဆရာကြီးဦးဆိုင်၊ အဘိဓမ္မဂုဠှတ္ထဒီပနီကျမ်း(ပထမအုပ်)၊ ၁၉၆ဝ ခု၊ ဇမ္ဗူ့မိတ်ဆွေပိဋကတ်ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။ နှာ-၅၂၇။