သံ၊ ၂၊ ၂၃။ သံ၊ မြန်၊ ၂၊ ၂၂။ သံ၊ ဋ္ဌ၊ ၂၊ ၂၂၄။ သံ၊ ဋီ၊ ၂၊ ၂၁၅။ 

သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၁-ခန္ဓသံယုတ္တ၊ ၃-ဘာရဝဂ္ဂ၊ စတုတ္ထသုတ်။

ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ခန္ဓာ ၅ ပါး၌ ဆန္ဒ ရာဂကို ပယ်စွန့်(နိုင်အောင် အားထုတ်)ကြကုန်လော့။ ဤသို့ ဆန္ဒရာဂကို ပယ်စွန့်နိုင်သည်ရှိသော် ထိုခန္ဓာ ၅ ပါးကို ဥစ္ဆိန္နမူလတာလာဝတ္ထုကတ အနဘာဝံကတ အာယတိံအနုပ္ပါဒဓမ္မ ဖြစ်အောင် ပယ်စွန့်ပြီးဖြစ်လတ္တံ့ဟု ခန္ဓာတစ်ပါးစီ တစ်ပါးစီ ရဟန်းတော်တို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။

သံ၊ ၂၊ ၁၅၇-၈။ သံ၊ မြန်၊ ၂၊ ၁၄၉-၁၅ဝ။

သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၂-ရာဓသံယုတ္တ၊ ၁-ပဌမဝဂ္ဂ၊ နဝမသုတ်။

ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အထက်ပါ ဆန္ဒပ္ပဟာနသုတ်တော်အတိုင်း ခန္ဓာ ၅ ပါးတို့၌ ဆန္ဒ ရာဂ နန္ဒီ တဏှာကို ပယ်စွန့်ရန် အရှင်ရာဓမ​ထေရ်အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

ကျမ်းညွှန်း

အရှင်ကုမာရထေရ် (မဟာသိမ်တော်ကြီးပရိယတ္တိစာသင်တိုက်ကြီး)၊ တိပိဋကသုတ္တသူစိကျမ်း(ဒု-တွဲ)၊ ပထမအကြိမ်၊ ၂ဝ၁၂၊ နိုဝင်ဘာလ၊ ယုံကြည်ချက်စာပေတိုက်၊ ၁၁၁၊ ၃၃-လမ်း၊ ရန်ကုန်မြို့၊ နှာ-၆၆-၇။