ဣတိဝုတ်၊ ၂၂၄-၅။ ဣတိဝုတ်၊ မြန်၊ ၂ဝ၈။ ဣတိဝုတ်၊ ဋ္ဌ၊ ၁၆၉-၁၇၁။

ခုဒ္ဒကနိကာယ၊ ဣတိဝုတ္တက၊ ဒုကနိပါတ၊ ဒုတိယဝဂ္ဂ၊ ဒွါဒသမသုတ်။

(သဿတ, ဥစ္ဆေဒ)ဒိဋ္ဌိ ၂ ပါးတို့ လွှမ်းမိုးထားအပ်သော အချို့သောနတ်, လူတို့သည် ဘဝချုပ်ငြိမ်းသည့်ဓမ္မကို ဟောတော်မူအပ်သည်ရှိသော် ဘဝ၌ မွေ့လျော်ပျော်ပိုက်နေသောပုဂ္ဂိုလ်တို့သည် စိတ်မဝင်စား, စိတ်မကြည်လင်, မသက်ဝင်, နှလုံးမသွင်းကြပဲ သဿတအယူကို ယူကြသည်။ ဘဝကို စက်ဆုပ်ရွံ့မုန်းသောပုဂ္ဂိုလ်တို့သည် သေလျှင် ပြတ်၏ဟု ဥစ္ဆေဒအယူကို ယူကြသည်။

ဉာဏ်ပညာစက္ခုအမြင်ရှိသော နတ်လူတို့သည် မှန်ကန်သောခန္ဓာ ၅ ပါးကို ခန္ဓာ ၅ ပါးဟု မှန်ကန်သည့်အတိုင်း သိမြင်ကြပြီး ခန္ဓာ ၅ ပါး၌ ငြီးငွေ့ရန်၊ တပ်မက်မှုကင်းရန်၊ ချုပ်ငြိမ်းရန် သမ္မာပဋိပတ်ကို ကျင့်သုံးကြသည်ဟု ဘုရားရှင်ထံတော်မှ နာယူခဲ့ရသောတရားကို ဝံသနိုင်ငံ၊ ကောသမ္ဗီမြို့၊ ဥတေနမင်းနန်းတော်၌ ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရား ၅ဝဝ အား ဟောကြားတော်မူသည့်သုတ်။ 

အဋ္ဌကထာ၌ ဖွင့်ဆိုချက်များ ရှိပါသည်။

ကျမ်းညွှန်း

အရှင်ကုမာရထေရ် (မဟာသိမ်တော်ကြီးပရိယတ္တိစာသင်တိုက်ကြီး)၊ တိပိဋကသုတ္တသူစိကျမ်း(ဒု-တွဲ)၊ ပထမအကြိမ်၊ ၂ဝ၁၂၊ နိုဝင်ဘာလ၊ ယုံကြည်ချက်စာပေတိုက်၊ ၁၁၁၊ ၃၃-လမ်း၊ ရန်ကုန်မြို့၊ နှာ-၁၈၃-၄။