သံ၊ ၁၊ ၃ဝဝ-၁။ သံ၊ မြန်၊ ၁၊ ၂၈၈။ သံ၊ ဋ္ဌ၊ ၂၊ ၆၉။

သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၁-နိဒါနသံယုတ္တ၊ ၅-ဂဟပတိဝဂ္ဂ၊ တတိယသုတ်။

ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒုက္ခ၏သမုဒယနှင့်အတ္ထင်္ဂမတို့ကို ပဋိစ္စသမုပ္ပါဒအနုလောမ, ပဋိလောမဒေသနာတော်နည်းဖြင့် ရဟန်းတို့အား ဟောကြားတော်မူသည့်သုတ်။

သံ၊ ၂၊ ၁၈။ သံ၊ မြန်၊ ၂၊ ၁၈။

သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၁-ခန္ဓသံယုတ္တ၊ ၂-အနိစ္စဝဂ္ဂ၊ ဒုတိယသုတ်။

ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ခန္ဓာ ၅ ပါးတို့တွင် တစ်ပါးစီ တစ်ပါးစီ၌ ဒုက္ခလက္ခဏာကို သိမြင်သော သုတဝန္တအရိယာသာဝကသည် ခန္ဓာတို့၌ ငြီးငွေ့၏အစရှိသည်ဖြင့် အနတ္တလက္ခဏာသုတ်ဒေသနာတော်အတိုင်း အရဟတ္တဖိုလ်ဆိုက်သည်အထိ ရဟန်းတို့အား ဟောတော်မူသည့်သုတ်။

သံ၊ ၂၊ ၆၄။ သံ၊ မြန်၊ ၂၊ ၆၁။

သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၁-ခန္ဓသံယုတ္တ၊ (၇)၂-အရဟန္တဝဂ္ဂ၊ ပဉ္စမသုတ်။

ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အညတရရဟန်းက အကျဉ်းချုပ်တရား ဟောတော်မူပါ၊ အာတာပီ, ပဟိတတ္တဖြစ်အောင် နေထိုင်ကျင့်သုံးပါမည်ဟု လျှောက်ထားသဖြင့် ဘုရားရှင်က ဒုက္ခသဘောရှိသောတရား၌ ဆန္ဒကို ပယ်ရမည်ဟု ဟောတော်မူသော အကျဉ်းချုပ်ဒေသနာတော်ကို အညတရရဟန်းက မိမိ အကျယ်အားဖြင့် ခန္ဓာ ၅ ပါးတွင် တစ်ပါးစီ တစ်ပါးစီ၌ ဒုက္ခ​သဘောရှိသောခန္ဓာ၌ ဆန္ဒကို ပယ်ရမည်ဟု သဘောပေါက်နားလည်ပါကြောင်း လျှောက်ထားသဖြင့် ဘုရားရှင်က သာဓုခေါ်တော်မူပြီး ထိုလျှောက်ထားသည့်အတိုင်း အညတရရဟန်းအား ဟောတော်မူပုံ၊ အညတရရဟန်း ရဟန္တာဖြစ်ပုံကို ဟောတော်မူထားပါသည်။

သံ၊ ၂၊ ၁၂၉။ သံ၊ မြန်၊ ၂၊ ၁၂ဝ။ သံ၊ ဋ္ဌ၊ ၂၊ ၃ဝ၄။ သံ၊ ဋီ၊ ၂၊ ၂၅၇။

သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၁-ခန္ဓသံယုတ္တ၊ (၁၁)၁-အန္တဝဂ္ဂ၊ ဒုတိယသုတ်။

ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒုက္ခဟူသည် ဥပါဒါနက္ခန္ဓာ ၅ ပါး အစရှိသည်ဖြင့် တစ်ပါးစီ သရုပ်ထုတ်၍ ဒုက္ခသမုဒယ, ဒုက္ခနိရောဓ, ဒုက္ခနိရောဓဂါမိနိပဋိပဒါတို့ကို ဓမ္မစက္ကပ္ပဝတ္တနသုတ်တော်အတိုင်း ရဟန်းတို့အား ဟောကြားတော်မူသည့်သုတ်။

သံ၊ ၂၊ ၁၄ဝ။ သံ၊ မြန်၊ ၂၊ ၁၃၇။

သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၁-ခန္ဓသံယုတ္တ၊ (၁၄)၄-ကုက္ကုဠဝဂ္ဂ၊ ပဉ္စမသုတ်။

ဒုက္ခသဘောရှိသောခန္ဓာ ၅ ပါး၌ ဆန္ဒကို ပယ်ရမည်ဟု ခန္ဓာတစ်ပါးစီ အကျယ်ဟောတော်မူသည့်သုတ်။

သံ၊ ၂၊ ၁၄ဝ။ သံ၊ မြန်၊ ၂၊ ၁၃၇။

သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၁-ခန္ဓသံယုတ္တ၊ (၁၄)၄-ကုက္ကုဠဝဂ္ဂ၊ ဆဋ္ဌသုတ်။

ဒုက္ခသဘောရှိသောခန္ဓာ ၅ ပါး၌ ရာဂကို ပယ်ရမည်ဟု ခန္ဓာတစ်ပါးစီ အကျယ်ဟောတော်မူသည့်သုတ်။

သံ၊ ၂၊ ၁၄ဝ။ သံ၊ မြန်၊ ၂၊ ၁၃၇။

သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၁-ခန္ဓသံယုတ္တ၊ (၁၄)၄-ကုက္ကုဠဝဂ္ဂ၊ သတ္တမသုတ်။

အထက်သုတ်တော်အတိုင်း ဆန္ဒ, ရာဂကို ပယ်ရမည်ဟု ခန္ဓာတစ်ပါးစီ အကျယ်ဟောတော်မူသည့်သုတ်။

သံ၊ ၂၊ ၁၆ဝ။ သံ၊ မြန်၊ ၂၊ ၁၅၂။

သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၂-ရာဓသံယုတ္တ၊ ဒုတိယဝဂ်၊ ပဉ္စမသုတ်။

ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်ရာဓထေရ် မေးမြန်းလျှောက်ထားချက်အရ ခန္ဓာ ၅ ပါးသည် ဒုက္ခသဘောရှိပုံ၊ ဤသို့သိမြင်သော အရိယာသာဝကသည် ရဟန္တာဖြစ်နိုင်ပုံကို အနတ္တလက္ခဏသုတ်ဒေသနာတော်နည်းဖြင့် အရှင်ရာဓထေရ်အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

သံ၊ ၃၊ ၁၁၆။ သံ၊ မြန်၊ ၃၊ ၁၂၁။

သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၂-ဗောဇ္စျင်္ဂသံယုတ္တ၊ ၈-နိရောဓဝဂ္ဂ၊ ဆဋ္ဌသုတ်။

ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အနိစ္စဖြစ်သောခန္ဓာ ၅ ပါး၌ ဒုက္ခသညာနှင့်တကွဖြစ်သော ဗောဇ္စျင် ၇ ပါးကို ဝိဝေကနိဿိတ၊ ဝိရာဂနိဿိတ၊ နိရောဓနိဿိတ၊ ဝေါဿဂ္ဂပရိဏာမီဖြစ်အောင် ပွားများလျှင် ကြိမ်ဖန်များစွာ အလေ့အလာပြုလျှင် များစွာအကျိုးအာနိသင်ရှိပုံကို ဗောဇ္စျင်တစ်ပါးစီ အကျယ်ဟောတော်မူသည့်သုတ်။

ယင်းအနိစ္စေ ဒုက္ခသညာကို ပွားများသောရဟန်းသည် အနာဂါမ်, ရဟန္တာ တစ်မျိုးမျိုးဖြစ်နိုင်ပုံ၊ အကျိုးများရန်, ယောဂ ၄ ပါး ကုန်ခန်းရန် များစွာသံဝေဂ(သဟောတ္တပ္ပဉာဏ်)ဖြစ်ရန်, များစွာ ဖာသုဝိဟာရဖြစ်ရန် ဖြစ်နိုင်ပုံကို အကျယ်ဟောတော်မူသည့်သုတ်။

အံ၊ ၂၊ ၂-၃။ အံ၊ မြန်၊ ၂၊ ၃-၄။

အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ပဌမပဏ္ဏာသက၊ ၁-သေခဗလဝဂ္ဂ၊ တတိယသုတ်။

ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အဿဒ္ဓ, အဟီရိက, အနောတ္တပ္ပ, ကုသီတ, ဒုပ္ပညဟူသော တရား ၅ ပါးနှင့်ပြည့်စုံသောရဟန်းသည် မျက်မှောက်ဘဝ၌ ငြိုငြင်ပင်ပန်း ပူပန်ခြင်းနှင့်တကွ ဆင်းရဲစွာနေရပုံ၊ ကွယ်လွန်ပြီးနောက် ဒုဂ္ဂတိဘဝသို့ ရောက်ရပုံ၊ သဒ္ဓါ, ဟီရိ, သြတ္တပ္ပ, အာရဒ္ဓဝီရိယ, ပညာဟူသော တရား ၅ ပါးနှင့်ပြည့်စုံသောရဟန်းသည် မျက်မှောက်ဘဝ၌ပင် မငြိုငြင် မပင်ပန်း မပူပန်မူ၍ ချမ်းသာစွာနေရပုံ၊ ကွယ်လွန်ပြီးနောက် သုဂတိဘဝသို့ ရောက်နိုင်ပုံတို့ကို ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အံ၊ ၂၊ ၃၇၄။ အံ၊ မြန်၊ ၂၊ ၄၇၂။

အင်္ဂုတ္တရနိကာယ၊ ဆက္ကနိပါတ၊ ဒုတိယပဏ္ဏာသက၊ ၈-အရဟတ္တဝဂ္ဂ၊ ပဌမသုတ်။

ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသာဝိတက်, ကာမသညာ, ဗျာပါဒသညာ, ဝိဟိံသာသညာဟူသော တရား ၆ ပါးတို့နှင့်ပြည့်စုံသောသူသည် မျက်မှောက်ဘဝ၌ပင် ငြိုငြင်, ပင်ပန်း, ပူပန်, ဆင်းရဲစွာနေရပုံ၊ ကွယ်လွန်ပြီးနောက် ဒုဂ္ဂတိဘဝသို့ ရောက်ရပုံ၊ နေက္ခမ္မဝိတက်, အဗျာပါဒဝိတက်, အဝိဟိံသာဝိတက်, နေက္ခမ္မသညာ, အဗျာပါဒသညာ, အဝိဟိံသာသညာဟူသော တရား ၆ ပါးတို့နှင့်ပြည့်စုံသောသူသည် ပစ္စုပ္ပန်ဘဝ၌ပင်လျှင် ငြိုငြင်ပင်ပန်း ပူပန်ခြင်းမရှိမူ၍ ချမ်းသာစွာ နေရ၏ဟု ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အံ၊ ၂၊ ၃၈၅။ အံ၊ မြန်၊ ၂၊ ၄၈၅။

အင်္ဂုတ္တရနိကာယ၊ ဆက္ကနိပါတ၊ ဒုတိယပဏ္ဏာသက၊ ၁ဝ-အာနိသံသဝဂ္ဂ၊ စတုတ္ထသုတ်။

ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ် တစ်စုံတစ်ခုသော သင်္ခါရကို သုခဟု အဖန်ဖန်ရှုမှတ်သောရဟန်းသည် အနုလောမိကခန္တီ၊ သမ္မတ္တနိယာမသို့ မသက်ရောက် ဖိုလ် ၄ ပါးကို မျက်မှောက်မပြုနိုင်ပုံ၊ ဒုက္ခဟု အဖန်ဖန်ရှုမြင်သောရဟန်းသည် အနုလောမိကခန္တီ၊ သမ္မတ္တနိယာမသို့ သက်ရောက်နိုင်ပုံ, ဖိုလ် ၄ ပါးကို မျက်မှောက်ပြုနိုင်ပုံကို ဘုရားရှင်က ရဟန်းတော်များအား ဟောတော်မူသည့်သုတ်။

ကျမ်းညွှန်း

အရှင်ကုမာရထေရ် (မဟာသိမ်တော်ကြီးပရိယတ္တိစာသင်တိုက်ကြီး)၊ တိပိဋကသုတ္တသူစိကျမ်း(ဒု-တွဲ)၊ ပထမအကြိမ်၊ ၂ဝ၁၂၊ နိုဝင်ဘာလ၊ ယုံကြည်ချက်စာပေတိုက်၊ ၁၁၁၊ ၃၃-လမ်း၊ ရန်ကုန်မြို့၊ နှာ-၁၉၁-၅။