သံ၊ ၁၊ ၁၅၅-၆။ သံ၊ မြန်၊ ၁၊ ၁၄၇။ သံ၊ ဋ္ဌ၊ ၁၊ ၂၄၈-၉။ သံ၊ ဋီ၊ ၁၊ ၂ဝ၁။

သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၆-ဗြဟ္မသံယုတ္တ၊ ဒုတိယဝဂ္ဂ၊ ဒုတိယသုတ်။

ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဂိဇ္စျကုဋ်တောင်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ္တ သံဃာသင်းခွဲ၍ ထွက်သွားပြီးမကြာမီ သဟမ္ပတိဗြဟ္မာရောက်လာပြီး ဖလံ ဝေ ကဒလိံ ဟန္တိ အစရှိသောဂါထာဖြင့် လျှောက်ထားသည်ကို ပြဆိုသည့်သုတ်။

အံ၊ ၁၊ ၃၈၅။ အံ၊ မြန်၊ ၁၊ ၃၉၉-၄ဝဝ။ အံ၊ ဋ္ဌ၊ ၂၊ ၃၁၆။ အံ၊ ဋီ၊ ၂၊ ၃၁၂။

အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ဒုတိယပဏ္ဏာသက၊ (၇)၂-ပတ္တကမ္မဝဂ္ဂ၊ အဋ္ဌမသုတ်။

ဒေဝဒတ္တ၏သံဃာသင်းခွဲထွက်သွား၍ မကြာမီ ဒေဝဒတ္တ၏​လာဘ, သက္ကာရ သိလောကသည် မိမိကို သတ်ခြင်းငှာ ပျက်စီးခြင်းငှာ ဖြစ်ပေါ်လာပြီဟု ငှက်ပျောသီး၊ ဝါးသီး၊ ကျူသီး၊ အဿတိုရ်မြည်းမ၏ကိုယ်ဝန်ဥပမာဖြင့် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဂိဇ္စျကုဋ်တောင်ကျောင်းတော်၌ ရဟန်းတော်တို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

ဣတိဝုတ်၊ ၂၅၃-၄။ ဣတိဝုတ်၊ မြန်၊ ၂၃၈-၉။ ဣတိဝုတ်၊ ဋ္ဌ၊ ၂၆၅-၇။

ခုဒ္ဒကနိကာယ၊ ဣတိဝုတ္တက၊ တိကနိပါတ၊ စတုတ္ထဝဂ္ဂ၊ ဒသမသုတ်။

သူယုတ်မာတို့၏တရား ၃ ပါးတို့ လွှမ်းမိုးနှိပ်စက်အပ်သောကုသိုလ်စိတ်ကုန်သွားသော​ ဒေဝဒတ္တသည် အပါယ်ငရဲ၌ တစ်ကမ္ဘာပတ်လုံးတည်သူ ကုစား၍မရအပ်သူဖြစ်ကြောင်း, မာဇာတုအစရှိသောဒေသနာတော်ကို ဘုရားရှင် ဟောတော်မူကြောင်း ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသောမိဖုရားတို့အား ဟောကြားသည့်သုတ်။

အဋ္ဌကထာ၌ ဤသုတ်တော်ဖြစ်ပေါ်လာပုံနှင့်မှတ်သားဖွယ် ဖွင့်ဆိုချက်များ ရှိပါသည်။

ကျမ်းညွှန်း

အရှင်ကုမာရထေရ် (မဟာသိမ်တော်ကြီးပရိယတ္တိစာသင်တိုက်ကြီး)၊ တိပိဋကသုတ္တသူစိကျမ်း(ဒု-တွဲ)၊ ပထမအကြိမ်၊ ၂ဝ၁၂၊ နိုဝင်ဘာလ၊ ယုံကြည်ချက်စာပေတိုက်၊ ၁၁၁၊ ၃၃-လမ်း၊ ရန်ကုန်မြို့၊ နှာ-၂၁၆-၇။